- အပင်ဖြစ်ထွန်းမှုနှင့် အပွင့်အသီးဖြစ်ထွန်းမှုတို့ကို အချိုးမျှတအောင် လုပ်ဆောင်ပေး ခြင်း။
- သီးနှံပင်၏ အသီးအပွင့်များစေခြင်း၊ သီးပွင့်ရင့်မှည့်မှုညီညာခြင်း၊ အောင်မြင်သော အသီးဖြစ်ပေါ်ခြင်း၊ အစေ့အဆံအောင်မြင်ခြင်း။
- အသီးတောင့်၊ အစေ့အရောင်အသွေး တောက်ပခြင်း။
- အစေ့အလေးချိန်စီးပြီး အရည်အသွေး တိုးတက်ကောင်းမွန်စေခြင်း။
- သီးနှံပင်များအား နုပျိုစေပြီး ခူးဆွတ်ကာလ တာရှည်စေခြင်း။
- အထွက်နှုန်း သိသိသာသာ တိုးစေခြင်း။
- အစာချက်လုပ်အားကောင်းပြီး အပင်တောင့်တင်းကျစ်လျစ်ခိုင်မာစေသည်။
- ဝတ်မှုန်ကူးအားကောင်းပြီး အသီးဖြစ်ပေါ်မှုများစေသည်။
- ရာသီဥတု ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိစေသည်။
- အညွှန့်နှင့် ရွက်နုထွက်ခြင်းကို အားပေးပြီး အပင်ကြီးထွားမှုကို များစွာ အထောက် အကူပြုသည်။
- ပဲမျိုးစုံနှင့် မြေပဲစိုက်ခင်းများတွင် အပင်သက်တမ်း(၁၅-၂၀)ရက်မှစပြီး (၁၀-၁၅) ရက်ခြား တစ်ကြိမ်နှုန်းဖြင့် ဂျီဂျီ-မီနို အနည်းလိုအာဟာရ ရွက်ဖျန်းမြေဩဇာကို ရေ (၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံလျှင်(၄၀-၆၀)စီစီနှုန်း ဖျော်စပ်ပက်ဖျန်း အသုံးပြု နိုင်သည်။
- အစေ့အဆံဖြစ်ပေါ်မှု အားကောင်းပြီး သီးနှံအထွက်နှုန်းတိုးစေသည်။
- စပျစ်၊ ငရုတ်၊ ခရမ်းချဉ်၊ ဖရဲ၊ သခွား၊ သခွားမွှေး၊ ဟင်းသီးဟင်းရွက်နှင့် ပန်းစိုက်ခင်း များတွင် ဂျီဂျီ-မီနို အနည်းလိုအာဟာရ ရွက်ဖျန်းမြေဩဇာကို ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၄၀)စီစီနှုန်း အသုံးပြုနိုင်သည်။
- အပင်ပိုင်းကြီးထွားမှုနှင့် အမြစ်ဖွံ့ဖြိုးမှုအားကောင်းစေသည်။
- အဖူးအပွင့်များဖွံ့ဖြိုးမှုကောင်းပြီး ဝတ်မှုန်ကူးနှုန်းတိုးစေသည်။
- ရေငတ်ဒဏ်နှင့် ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေသည်။
- အစေ့အဆံနှင့် အသီးအရည်အသွေးကောင်းမွန်၍ အထွက်နှုန်းတိုးစေသည်။
- မြေပဲ၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ငရုတ်၊ သခွား၊ ဖရဲ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဟင်းသီး ဟင်းရွက်များတွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
- သီးနှံစိုက်ခင်းများတွင် ဝတ်မှုန်ကူးအားနည်းပြီး အသီးတင်နှုန်းမကောင်းခြင်း၊ အစေ့ အဆံအောင်မြင်မှုနည်းခြင်း၊ သီးနှံပင်၏ကလိုရိုဖီးလ်ဖြစ်ပေါ်မှုနည်းပြီး အပင်ကြီးထွား သန်မာမှု နှေးကွေးခြင်း၊ အမြစ်ဖွံ့ဖြိုးမှုအားနည်းခြင်းစသည့် လက္ခဏာများ တွေ့ရှိ ပါကရေ(၂၀) လီတာလျှင် အာဂျေ-၂ ရွက်ဖျန်းမြေဩဇာကို (၅၀) ဂရမ်နှုန်း ဖျော်စပ် အသုံးပြုပါ။
- ဗိုက်တာဟဲလ်မက် ၅% အမ်အီး မှိုသတ်ဆေးသည် ပင်လုံးပျံ့အာနိသင်ရှိသည်။
- သီးနှံပင်များပေါ်တွင် ကျရောက်သော မှိုရောဂါများကို ကာကွယ်ရာတွင်လည်းကောင်း၊ ကုသရာတွင်လည်းကောင်း အသုံးပြုနိုင်သည်။
- Triazole အုပ်စုဝင် မှိုရောဂါသတ်ဆေးဖြစ်ပြီး သီးပုပ်ရောဂါ၊ သံချေးရောဂါ၊ ဖားဥမှို ရောဂါ၊ မြေပဲရွက်ပြောက်ရောဂါတို့ကို ကြိုတင်ကာကွယ်ခြင်းဖြင့်လည်းကောင်း၊ ကုသခြင်းဖြင့်လည်းကောင်း ပက်ဖျန်းအသုံးပြုနိုင်သည်။
- တီနော့ဆု ပိုးသတ်ဆေး သည် Neonicotinoid ပိုးသတ်ဆေးအုပ်စုဝင်ဖြစ်သည်။
- သီးနှံမျိုးစုံတွင် ကျရောက်သော ပျ၊ ယင်ဖြူ၊ ဖြုတ်၊ လှေးနှင့် နှံစုပ်ဂျပိုး စသည့် စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးဖျော်ရည် (၅-၁၅)စီစီနှုန်းဖြင့် ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။