ဗိုက်တာ လောင်ချာ

( Abamectin - aminomethyl 1% + Chlorfenapyr 5 % )

( ထိသေ၊ စားသေ အာနိသင်ရှိ အဏုစိတ်ရေဖျော်ဆေးရည် )

  • ဗိုက်တာ လောင်ချာ ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိပြီး အပင်၏ အပေါ်ယံ တစ်သျှူးများအတွင်းသို့ ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းရှိသော ပိုးသတ်ဆေးဖြစ်သည်။
  • ဖျက်ပိုးများ၏ အာရုံကြောစနစ်ကိုတိုက်ခိုက်ပြီး နာရီပိုင်းအတွင်း အကြောသေခြင်းကိုဖြစ်စေနိုင်သည်။
  • ဆေးအာနိသင်သည် အပင်ပေါ်တွင် ကြာရှည်စွာတည်မြဲနိုင်သည့် အစွမ်းရှိသည်။
  • ငမြှောင်တောင်၊ သီးတောင့်ထိုးပိုး၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလံ၊ ရွက်ထွင်းပိုး၊ စုပ်စားပိုးများနှင့် ကျိုင်းများ စသည့် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။
  • မတ်ပဲ၊ ပဲတီစိမ်း၊ စပါး၊ ဂေါ်ဖီ၊ မုန်လာ၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်နီ/ဖြူ၊ ရှောက်၊ သံပုရာ၊ အာလူး၊ ငရုတ် နှင့် အခြားသီးနှံများတွင် အသုံးပြုနိုင်သည်။
  • လိပ်ပြာဖလံပိုးအုပ်စုများကို အထူးကာကွယ်နှိမ်နင်းနိုင်သည်။

ဗိုက်တာအသီးကောင်း

NPK – 15:15:30 + TE

ရွက်ဖျန်းမြေဩဇာ

  • အမြစ်အားကောင်း၍ ရေနှင့် အာဟာရဓာတ်များကို အပင်များမှ ပိုမိုရရှိစေသည်။
  • အဖူးအပွင့်များ ကြီးထွားသန်မာ၍ အသီးတင်မှု ကောင်းစေသည်။
  • အပွင့်၊ အသီးနှင့် ဥကြီးထွား၍ အထွက်နှုန်း တိုးစေသည်။
  • ရေငတ်ဒဏ်နှင့် ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိစေသည်။
  • အစာချက်လုပ်မှုအားကောင်းပြီး သီးနှံပင်များ ကြီးထွားသန်မာစေရန် များစွာအ ထောက်အကူပြုသည်။

နာဇာ

Dinotefuran 20% WP

ပင်လုံးပျံ့ ရေဖျော်မှိုပိုးသတ်ဆေးမှုန့်

  • အရွက်နှင့် အမြစ်တို့မှ စုပ်ယူနိုင်ပြီး တစ်ပင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့နိုင်သော ပင်လုံးပျံ့ ပိုးသတ်ဆေးဖြစ်သည်။
  • စပါး၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ အာလူးနှင့်  အခြားဟင်းသီးဟင်းရွက်စိုက် ခင်းများတွင် သုံးစွဲနိုင်သည်။
  • အဓိကအားဖြင့် ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ပျ၊ လှေး၊ ယင်ဖြူနှင့် ရွက်ထွင်းပိုးများကို နှိမ် နင်းရာတွင် ထိရောက်မှုရှိသော အစွမ်းထက် ပိုးသတ်ဆေးဖြစ်သည်။
  • ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် နာဇာပိုးသတ်ဆေး(၂၀-၅၀)ဂရမ်နှုန်းဖြင့် ပက်ဖျန်းအသုံးပြုနိုင်သည်။

ဗိုက်တာဂြိုဟ်သား

Mancozeb + Metalaxyl 72% WP

ထိသေနှင့် ပင်လုံးပျံ့မှိုသတ်ဆေး

  • မှိုရောဂါများကို ကာကွယ်နိုင်သည့် Mancozeb နှင့် မှိုရောဂါများကို ကုသနိုင်သော အစွမ်းရှိသည့် Metalaxyl ကို ပေါင်းစပ်၍ ထုတ်လုပ်ထားသော မှိုသတ်ဆေးဖြစ်သည်။
  • အာလူး၊ ခရမ်းချဉ်တို့တွင် ကျရောက်လေ့ရှိသော စောပင်နာကျရောဂါ၊ နှောင်းပင်နာ ကျရောဂါတို့ကို ကာကွယ်ကုသနိုင်သည်။
  • ငရုတ်ကိုင်းဖျားခြောက်ရောဂါ၊ မြစ်ပုပ်ရောဂါနှင့် ခရမ်းချဉ်ခါးရိရောဂါတို့ကို ကာကွယ် ကုသနိုင်သည်။
  • ဖရဲ၊ သခွား၊ သခွားမွှေး၊ ပဲမျိုးစုံစသည့် သီးနှံတို့တွင် ကျရောက်သော ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ မှည့်ပြောက်စွန်းရောဂါတို့ကို ကုသရာတွင် အသုံးပြုနိုင်သည်။
  • ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဗိုက်တာဂြိုဟ်သား မှိုသတ်ဆေး(၅၀-၇၀)ဂရမ်နှုန်း ပက်ဖျန်းအသုံးပြုနိုင်သည်။

စိုးဂျား

Glyphosate salt 48% SL

ရွေးချယ်မဲ့ပင်လုံးပျံ့ပေါင်းသတ်ဆေး

  • ရွေးချယ်မဲ့ပင်လုံးပျံ့အာနိသင်ရှိပြီး သီးနှံမစိုက်ပျိုးမီ ပေါင်းနှိမ်နင်းရန် ကျယ်ပြန့်စွာ အသုံးပြုသော ပေါင်းသတ်ဆေးဖြစ်သည်။
  • အရွက်မှတဆင့်တစ်ပင်လုံးသို့ လျင်မြန်စွာပျံ့နှံ့ပြီး ပေါင်းပင်များကို ထိရောက်စွာ နှိမ်နင်းပေးနိုင်သည်။
  • မြက်ပင်များ၊ ကိုင်းပင်၊ သက်ကယ်ပင်များ၊ ရွက်ပြန့်ပေါင်းများ၊ မုန်ညှင်းများကို ထိရောက်စွာနှိမ်နင်းနိုင်သည်။
  • (၁)နှစ်ခံပေါင်းပင်များသာမက နှစ်ရှည်ခံပေါင်းပင်များကို သီးနှံမစိုက်ပျိုးမီအချိန်တွင် ကြိုတင်ပက်ဖျန်းပေးနိုင်သည့် ပေါင်းသတ်ဆေးဖြစ်သည်။
  • နှစ်ရှည်သီးနှံပင်များကြားတွင် ပေါက်ရောက်သော ပေါင်းပင်များကို နှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။
  • ရေ(၁၆)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် စိုးဂျား ရွေးချယ်မဲ့ပေါင်းသတ်ဆေး(၁၀၀-၂၀၀)စီစီ နှုန်းပက်ဖျန်းအသုံးပြုနိုင်သည်။