- အရွက်နှင့် အမြစ်တို့မှ စုပ်ယူနိုင်ပြီး တစ်ပင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့နိုင်သော ပင်လုံးပျံ့ ပိုးသတ်ဆေးဖြစ်သည်။
- စပါး၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ အာလူးနှင့် အခြားဟင်းသီးဟင်းရွက်စိုက် ခင်းများတွင် သုံးစွဲနိုင်သည်။
- အဓိကအားဖြင့် ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ပျ၊ လှေး၊ ယင်ဖြူနှင့် ရွက်ထွင်းပိုးများကို နှိမ် နင်းရာတွင် ထိရောက်မှုရှိသော အစွမ်းထက် ပိုးသတ်ဆေးဖြစ်သည်။
- ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် နာဇာပိုးသတ်ဆေး(၂၀-၅၀)ဂရမ်နှုန်းဖြင့် ပက်ဖျန်းအသုံးပြုနိုင်သည်။
- မှိုရောဂါများကို ကာကွယ်နိုင်သည့် Mancozeb နှင့် မှိုရောဂါများကို ကုသနိုင်သော အစွမ်းရှိသည့် Metalaxyl ကို ပေါင်းစပ်၍ ထုတ်လုပ်ထားသော မှိုသတ်ဆေးဖြစ်သည်။
- အာလူး၊ ခရမ်းချဉ်တို့တွင် ကျရောက်လေ့ရှိသော စောပင်နာကျရောဂါ၊ နှောင်းပင်နာ ကျရောဂါတို့ကို ကာကွယ်ကုသနိုင်သည်။
- ငရုတ်ကိုင်းဖျားခြောက်ရောဂါ၊ မြစ်ပုပ်ရောဂါနှင့် ခရမ်းချဉ်ခါးရိရောဂါတို့ကို ကာကွယ် ကုသနိုင်သည်။
- ဖရဲ၊ သခွား၊ သခွားမွှေး၊ ပဲမျိုးစုံစသည့် သီးနှံတို့တွင် ကျရောက်သော ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ မှည့်ပြောက်စွန်းရောဂါတို့ကို ကုသရာတွင် အသုံးပြုနိုင်သည်။
- ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဗိုက်တာဂြိုဟ်သား မှိုသတ်ဆေး(၅၀-၇၀)ဂရမ်နှုန်း ပက်ဖျန်းအသုံးပြုနိုင်သည်။
- ရွေးချယ်မဲ့ပင်လုံးပျံ့အာနိသင်ရှိပြီး သီးနှံမစိုက်ပျိုးမီ ပေါင်းနှိမ်နင်းရန် ကျယ်ပြန့်စွာ အသုံးပြုသော ပေါင်းသတ်ဆေးဖြစ်သည်။
- အရွက်မှတဆင့်တစ်ပင်လုံးသို့ လျင်မြန်စွာပျံ့နှံ့ပြီး ပေါင်းပင်များကို ထိရောက်စွာ နှိမ်နင်းပေးနိုင်သည်။
- မြက်ပင်များ၊ ကိုင်းပင်၊ သက်ကယ်ပင်များ၊ ရွက်ပြန့်ပေါင်းများ၊ မုန်ညှင်းများကို ထိရောက်စွာနှိမ်နင်းနိုင်သည်။
- (၁)နှစ်ခံပေါင်းပင်များသာမက နှစ်ရှည်ခံပေါင်းပင်များကို သီးနှံမစိုက်ပျိုးမီအချိန်တွင် ကြိုတင်ပက်ဖျန်းပေးနိုင်သည့် ပေါင်းသတ်ဆေးဖြစ်သည်။
- နှစ်ရှည်သီးနှံပင်များကြားတွင် ပေါက်ရောက်သော ပေါင်းပင်များကို နှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။
- ရေ(၁၆)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် စိုးဂျား ရွေးချယ်မဲ့ပေါင်းသတ်ဆေး(၁၀၀-၂၀၀)စီစီ နှုန်းပက်ဖျန်းအသုံးပြုနိုင်သည်။
- ပင်လုံးပျံ့အာနိသင်ရှိ မှိုရောဂါသတ်ဆေးဖြစ်သည်။
- ဟက်(စ်) မှိုသတ်ဆေးကို မှိုရောဂါ ကာကွယ်ဆေးအဖြစ်လည်းကောင်း၊ ကုသဆေးအ ဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။
- စပါး၊ ခရမ်းချဉ်၊ သခွားမွှေး၊ ဖရဲ၊ စပျစ်နှင့် ဟင်းသီးဟင်းရွက်စသည့် သီးနှံများတွင် ပက်ဖျန်း အသုံးပြုနိုင်သည်။
- ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၁၀-၅၀)စီစီနှုန်းဖြင့် ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။
- ဗိုက်တာရွှေခရု ပိုးသတ်ဆေးမှုန့်သည် chloronitrophenol ဆေးအုပ်စုဝင် ဖြစ်ပြီး ထိသေ၊ စားသေ အာနိသင်ရှိ အစွမ်းထက်သည့် ဆေးဖြစ်သည်။
- စပါး စိုက်ခင်းများတွင် ဆိုးရွားစွာ ကျရောက်ဖျက်ဆီးလေ့ရှိသော ရွှေခရု၊ လယ်ခရု၊ ပက်ကျိ စသည့် ဖျက်ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
- ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဗိုက်တာရွှေခရု ဆေးမှုန့် (၅၀ – ၁၀၀)ဂရမ် နှုန်းဖြင့် အသုံးပြု ပက်ဖျန်းနိုင်သည်။