- ပိုင်မီရမ် ၆၀ ဒဗလျူဂျီ ရေဖျော်မှိုသတ်ဆေးခဲသည် မှိုရောဂါများကို ကာကွယ်ခြင်းနှင့် ကုသခြင်း(၂)မျိုးလုံး အသုံးပြုနိုင်သည့် မှိုသတ်ဆေးဖြစ်သည်။
- ပဲအမျိုးမျိုး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ငရုတ် သီးနှံများတွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ အသီးပုပ်ရောဂါ၊ သခွား၊ သခွားမွှေး တွင် ကျရောက်သော ဒေါင်းနီးရွက်ခြောက်ရောဂါ၊ အာလူး၊ ခရမ်းချဉ် သီးနှံများတွင် ကျရောက်သော စောပင်နာကျရောဂါ၊ နှောင်းပင်နာကျ(လောင်မဲ)ရောဂါ စသည့် ရောဂါများကို ကောင်းစွာ ကာကွယ် ကုသနှိမ်နင်းနိုင်ပါသည်။
- ဗိုက်တာ ဇောင်းချမ်း ရေဖျော်ရောဂါသတ်ဆေးမှုန့်သည် မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- မတ်ပဲ၊ ပဲတီစိမ်း တွင်ကျရောက်သော ရွက်ပြောက်ရောဂါ၊ ရွက်ခြောက်ရောဂါ စပါးသီးနှံတွင် ကျရောက်သော ရွက်စင်းရောဂါ၊ ရွက်ခြောက်ရောဂါ ဖရဲ၊ သခွား၊ သခွားမွှေး တွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ပင်ညှိုးရောဂါ၊ ရှောက်၊ သံပုရာ၊ လိမ္မော် တွင် ကျရောက်သော ကင်ကာရောဂါ(အနာချိုင့်ရောဂါ) နှင့် ကွမ်း တွင် ကျရောက်သော ဆီစွန်းရောဂါ တို့ကို ကောင်းစွာနှိမ်နင်းနိုင်ပါသည်။
- မှိုရောဂါများကို ကာကွယ်နိုင်သည့် Mancozeb နှင့် မှိုရောဂါများကို ကုသနိုင်သော အစွမ်းရှိသည့် Metalaxyl ကို ပေါင်းစပ်၍ ထုတ်လုပ်ထားသော မှိုသတ်ဆေးဖြစ်သည်။
- အာလူး၊ ခရမ်းချဉ်တို့တွင် ကျရောက်လေ့ရှိသော စောပင်နာကျရောဂါ၊ နှောင်းပင်နာ ကျရောဂါတို့ကို ကာကွယ်ကုသနိုင်သည်။
- ငရုတ်ကိုင်းဖျားခြောက်ရောဂါ၊ မြစ်ပုပ်ရောဂါနှင့် ခရမ်းချဉ်ခါးရိရောဂါတို့ကို ကာကွယ် ကုသနိုင်သည်။
- ဖရဲ၊ သခွား၊ သခွားမွှေး၊ ပဲမျိုးစုံစသည့် သီးနှံတို့တွင် ကျရောက်သော ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ မှည့်ပြောက်စွန်းရောဂါတို့ကို ကုသရာတွင် အသုံးပြုနိုင်သည်။
- ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဗိုက်တာဂြိုဟ်သား မှိုသတ်ဆေး(၅၀-၇၀)ဂရမ်နှုန်း ပက်ဖျန်းအသုံးပြုနိုင်သည်။
- ပင်လုံးပျံ့အာနိသင်ရှိ မှိုရောဂါသတ်ဆေးဖြစ်သည်။
- ဟက်(စ်) မှိုသတ်ဆေးကို မှိုရောဂါ ကာကွယ်ဆေးအဖြစ်လည်းကောင်း၊ ကုသဆေးအ ဖြစ်လည်းကောင်း အသုံးပြုနိုင်သည်။
- စပါး၊ ခရမ်းချဉ်၊ သခွားမွှေး၊ ဖရဲ၊ စပျစ်နှင့် ဟင်းသီးဟင်းရွက်စသည့် သီးနှံများတွင် ပက်ဖျန်း အသုံးပြုနိုင်သည်။
- ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၁၀-၅၀)စီစီနှုန်းဖြင့် ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။
- အပင်တွင်းစိမ့်ဝင်အားကောင်းပြီး ပင်လုံးပျံ့အာနိသင်ရှိ မှိုသတ်ဆေးဖြစ်သည်။
- သီးနှံပင်များပေါ်တွင်ကျရောက်သောမှိုရောဂါများမျိုးပွားခြင်းနှင့်မှိုမျှင်ကြီးထွားခြင်းတို့ကို ဟန့်တားထိန်းချုပ်နိုင်သော မှိုသတ်ဆေးဖြစ်သည်။
- မှိုရောဂါအများစုကို အချိန်ကြာမြင့်စွာ ကာကွယ်ကုသမှု ပေးနိုင်သည့် အစွမ်းရှိသည်။