- ဗိုက်တာဒင်ဂပလပ်(စ်) ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိပြီး လိပ်ပြာ၊ ဖလံမျိုးများ၏ ပိုးလောက်ကောင်များကို အထူးကာကွယ်နှိမ်နင်းနိုင်သည်။
- အရွက်၏ တစ်သျှူးများအတွင်း ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းရှိသော ပိုးသတ်ဆေးဖြစ်သည်။
- ပိုးလောက်ကောင်များသည် ဆေးဖျန်းထားသော သီးနှံပင်များကို စားမိပါက နာရီပိုင်းအတွင်း အစာစားခြင်း ရပ်တန့်ကာ၊ အကြောသေခြင်းကို ဖြစ်စေပြီး(၂-၄)ရက်အတွင်း သေစေနိုင်သည်။
- စပါး၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ မုန်လာ၊ ဝါ၊ ရှောက်၊ သံပုရာ၊ ပြောင်း၊ ပန်းမာန်များနှင့် ဟင်းသီးဟင်းရွက်များတွင် ကျရောက် ဖျက်ဆီးတတ်သော ငမြှောင်တောင်၊ ပင်ဖြတ်ပိုး၊ သီးလုံးဖောက်ပိုး၊ ဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်စားပိုး၊ ထွာကောင်စိမ်း နှင့် စိန်ကွက်ဖလံ စသည့် ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- ပိုင်မီရမ် ၆၀ ဒဗလျူဂျီ ရေဖျော်မှိုသတ်ဆေးခဲသည် မှိုရောဂါများကို ကာကွယ်ခြင်းနှင့် ကုသခြင်း(၂)မျိုးလုံး အသုံးပြုနိုင်သည့် မှိုသတ်ဆေးဖြစ်သည်။
- ပဲအမျိုးမျိုး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ငရုတ် သီးနှံများတွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ အသီးပုပ်ရောဂါ၊ သခွား၊ သခွားမွှေး တွင် ကျရောက်သော ဒေါင်းနီးရွက်ခြောက်ရောဂါ၊ အာလူး၊ ခရမ်းချဉ် သီးနှံများတွင် ကျရောက်သော စောပင်နာကျရောဂါ၊ နှောင်းပင်နာကျ(လောင်မဲ)ရောဂါ စသည့် ရောဂါများကို ကောင်းစွာ ကာကွယ် ကုသနှိမ်နင်းနိုင်ပါသည်။
- ဗိုက်တာ ဇောင်းချမ်း ရေဖျော်ရောဂါသတ်ဆေးမှုန့်သည် မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- မတ်ပဲ၊ ပဲတီစိမ်း တွင်ကျရောက်သော ရွက်ပြောက်ရောဂါ၊ ရွက်ခြောက်ရောဂါ စပါးသီးနှံတွင် ကျရောက်သော ရွက်စင်းရောဂါ၊ ရွက်ခြောက်ရောဂါ ဖရဲ၊ သခွား၊ သခွားမွှေး တွင် ကျရောက်သော ရွက်ပြောက်ရောဂါ၊ ပင်ညှိုးရောဂါ၊ ရှောက်၊ သံပုရာ၊ လိမ္မော် တွင် ကျရောက်သော ကင်ကာရောဂါ(အနာချိုင့်ရောဂါ) နှင့် ကွမ်း တွင် ကျရောက်သော ဆီစွန်းရောဂါ တို့ကို ကောင်းစွာနှိမ်နင်းနိုင်ပါသည်။
- ဗိုက်တာ လောင်ချာ ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိပြီး အပင်၏ အပေါ်ယံ တစ်သျှူးများအတွင်းသို့ ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းရှိသော ပိုးသတ်ဆေးဖြစ်သည်။
- ဖျက်ပိုးများ၏ အာရုံကြောစနစ်ကိုတိုက်ခိုက်ပြီး နာရီပိုင်းအတွင်း အကြောသေခြင်းကိုဖြစ်စေနိုင်သည်။
- ဆေးအာနိသင်သည် အပင်ပေါ်တွင် ကြာရှည်စွာတည်မြဲနိုင်သည့် အစွမ်းရှိသည်။
- ငမြှောင်တောင်၊ သီးတောင့်ထိုးပိုး၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလံ၊ ရွက်ထွင်းပိုး၊ စုပ်စားပိုးများနှင့် ကျိုင်းများ စသည့် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။
- မတ်ပဲ၊ ပဲတီစိမ်း၊ စပါး၊ ဂေါ်ဖီ၊ မုန်လာ၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်နီ/ဖြူ၊ ရှောက်၊ သံပုရာ၊ အာလူး၊ ငရုတ် နှင့် အခြားသီးနှံများတွင် အသုံးပြုနိုင်သည်။
- လိပ်ပြာဖလံပိုးအုပ်စုများကို အထူးကာကွယ်နှိမ်နင်းနိုင်သည်။
- အမြစ်အားကောင်း၍ ရေနှင့် အာဟာရဓာတ်များကို အပင်များမှ ပိုမိုရရှိစေသည်။
- အဖူးအပွင့်များ ကြီးထွားသန်မာ၍ အသီးတင်မှု ကောင်းစေသည်။
- အပွင့်၊ အသီးနှင့် ဥကြီးထွား၍ အထွက်နှုန်း တိုးစေသည်။
- ရေငတ်ဒဏ်နှင့် ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိစေသည်။
- အစာချက်လုပ်မှုအားကောင်းပြီး သီးနှံပင်များ ကြီးထွားသန်မာစေရန် များစွာအ ထောက်အကူပြုသည်။