- တော့ပ်ကေလာ ပိုးသတ်ဆေးသည် Pymetrozine 25% ပါဝင်သော ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေး ဖြစ်သည်။
- စပါး၊ ဝါ၊ သခွား၊ ဂေါ်ဖီ၊ ပဲမျိုးစုံ နှင့် ခရမ်းချဉ် စသည့် သီးနှံများတွင် ကျရောက်သော ယင်ဖြူ၊ ပျ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း စသည့် စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- သီးနှံစိုက်ခင်းများတွင် ရေ ၂၀လီတာဝင် ဆေးဖျန်း ၁ပုံးလျှင် ဆေးဖျော်ရည်(၂၀ – ၄၀)စီစီ ရောစပ် အသုံးပြုပါ။
- ကလိုဖန်ဆု ပိုးသတ်ဆေးသည် Chlorfenapyr 10% ပါဝင်သော ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေး ဖြစ်သည်။
- အာလူး၊ ငရုတ်၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ဝါ၊ ရှောက်၊ သံပုရာ၊ နှင်းဆီနှင့် စပျစ် စသည့် သီးနှံများတွင် ကျရောက်လေ့ရှိသော ပျ၊ လှေး၊ မွှားပင့်ကူနီနှင့် စိန်ကွက်ဖလံ အစရှိသော ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။
- သီးနှံစိုက်ခင်းများတွင် ရေ၂၀လီတာဝင် ဆေးဖျန်း ၁ပုံးလျှင် ဆေးဖျော်ရည် (၅၀ – ၉၀)စီစီ ရောစပ် အသုံးပြုပါ။
- ဗိုက်တာကောင်းစံ ပိုးသတ်ဆေးသည် အစာအဆိပ်သင့်စေသာ ပိုးသတ်ဆေးဖြစ်သည်။
- ဖျက်ပိုးများကို နှိမ်နင်းရာတွင် အလွန်ထိရောက်မှုရှိသော အစွမ်းထက် ပိုးသတ်ဆေးဖြစ်သည်။
- လိပ်ပြာ၊ ဖလံမျိုးများ၏ ပိုးလောက်ကောင်များကို အထူးနှိမ်နင်းနိုင်သည်။
- ဖျက်ပိုးများ၏ဆဲလ်များကို ပျက်ဆီးစေပြီး အစာစားခြင်းရပ်တန့်ကာ ဖျက်ပိုးကို သေကြေပျက်ဆီးစေသည်။
- အရွက်နှင့် အမြစ်တို့မှ စုပ်ယူနိုင်ပြီး အပင်တွင်း ပျံ့နှံ့မှုအားကောင်းသော ပိုးသတ်ဆေးဖြစ်သည်။
- စပါး၊ မြေပဲ၊ ပဲမျိုးစုံ၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ အာလူးနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် သုံးစွဲနိုင်သည်။
- စပါးတွင် ကျရောက်ဖျက်ဆီးသော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ နှံစုပ်ဂျပိုးနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်တက်သော ယင်ဖြူ၊ လှေး၊ ပျစသည့် စုပ်စားပိုးများကို ကာကွယ်နှိမ်နင်းရာတွင် အသုံးပြုနိုင်သည်။