ဂျီဘီ-၀၀၇

Gibberellic Acid 1.8%+ Benzylaminopurine 1.8% SL

အပင်ကြီးထွားသီးပွင့်ဟော်မုန်းဆေး

  • အပင်ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်စေရန်နှင့် အသီးတင်အားကောင်းပြီး သီးနှံအထွက်နှုန်း တိုးစေရန်အတွက် အသုံးပြုနိုင်သည်။
  • သီးနှံပင်၏ အပင်ဆဲလ်ကွဲပွားခြင်းနှင့် ဆဲလ်ကြီးထွားခြင်းတို့အတွက် လှုံဆော်ပေး သည်။
  • စပျစ်၊ ပဲမျိုးစုံ၊ သခွား၊ သခွားမွှေး၊ ခရမ်း၊ ခရမ်းချဉ်၊ ဂေါ်ဖီထုပ်စသည့် သီးနှံများနှင့် ပန်းစိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
  • အဖူးအပွင့်များပြားပြီး အသီးခိုင်ထွက်အား ကောင်းစေသည်။
  • ပန်းမာန်များအတွက် ဘေးကိုင်းဖြာထွက်မှု အားကောင်းပြီး အဖူးအပွင့်ဖြစ်ပေါ်မှု များစေသည်။
  • ရေ(၁၆)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးဖျော်ရည်(၂၀-၆၀)စီစီ ဖြင့် ရောစပ်ပက်ဖျန်း အသုံးပြုနိုင်သည်။

ဟော့လ်

Nitrophenolate Mixture 1.4% AS

အပင်ကြီးထွားသီးပွင့်ဟော်မုန်းဆေး

  • အပင်အစာချက်လုပ်မှု အားကောင်းပြီး အပင်ကြီးထွားမှုနှင့် အမြစ်ဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်ပေးသည်။
  • နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ်၊ ဇင့်နှင့် သံဓာတ်အစရှိသည့် အပင်မှလိုအပ် သောအာဟာရများ စုပ်ယူပို့ဆောင်ပေးခြင်းကို တိုးတက်ကောင်းမွန်စေသည်။
  • ဝတ်မှုန်ကူးအားကောင်းပြီး အသီးတင်နှုန်း တိုးစေသည်။

ဂျီဂျီ-မာ့

N-25% : P2O5-10% : K2O-15% : B-0.2% : Cu-0.07% : Mn-0.09% : Mo-0.07%

ရွက်ဖျန်းမြေဩဇာ

  • သီးနှံပင်၏ အညွှန့်နှင့်အရွက်များ ကြီးထွားသန်မာခြင်း၊ ပင်စည်နှင့် အမြစ်များ     ကြီးထွားဖွံ့ဖြိုးမှုအားကောင်းခြင်းစသည့် အပင်ပိုင်းကြီးထွားမှုကို ဖြစ်ပေါ်စေသည်။
  • အမိုင်နိုအက်ဆစ်ထုတ်လုပ်မှုအားပေးခြင်း၊ အပင်ဆဲလ်ကွဲပွားခြင်း၊ အစိမ်းရောင်ကလိုရိုဖီးလ်ဖြစ်ပေါ်မှုများစေခြင်းတို့ အတွက် အထောက်အကူပြုသည်။
  • ရာသီဥတုပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိသည်။
  • အစေ့အဆံနှင့် အသီးဖြစ်ပေါ်မှုကောင်းပြီး အထွက်နှုန်းတိုးစေသည်။

ဂျီဂျီ-၂၀

N-20% :P2O5-20% :K2O-20% :B-0.2% :Cu-0.07% :Mn-0.07% :Mo-0.07%

ရွက်ဖျန်းမြေဩဇာ

  • သီးနှံပင်များ၏ အမြစ်ဖွံ့ဖြိုးမှု၊ အကိုင်းအခက်နှင့် အညွှန့်ထွက်ပေါ်မှု၊ အသီးအပွင့် ကြီးထွားဖွံ့ဖြိုးမှုတို့အတွက် မျှတစွာ လုပ်ဆောင်ပေးသည်။
  • ရေငတ်ဒဏ်နှင့် ရာသီဥတုပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိသည်။
  • သီးနှံပင်၏ အပင်ပိုင်းကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး အသီးခူးဆွတ်ကာလ တာရှည် စေသည်။

ဗိုက်တာ ဖူဂျီ .၁

Abamectin 0.1% + Imidacloprid 1.7% WP

ထိသေ၊ စားသေနှင့်ပင်လုံးပျံ့ အာနိသင်ရှိပိုးသတ်ဆေးမှုန့်

  • ထိသေ၊ စားသေနှင့် ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
  • အပင်တွင်း စိမ့်ဝင်ပျံ့နှံ့နိုင်မှုကောင်းပြီး ဖျက်ပိုးကို နှိမ်နင်းရာတွင် ထိရောက်မှုရှိသည်။
  • ပျ၊ လှေး၊ ယင်ဖြူ၊ ဖြုတ်ညို၊ ဖြုတ်စိမ်းစသည့် စုပ်စားပိုးများနှင့် သီးထိုးပိုး၊ စိန်ကွက်ဖ လံ၊ ငမြှောင်တောင်၊ ရွက်ထွင်းပိုးအစရှိသော သီးနှံဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနိုင် သည်။
  • ပဲတောင့်ရှည်၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ ငရုတ်၊ ကြက်သွန်နီ၊ ဝါနှင့် ပန်းစိုက်ခင်းများ သစ်သီးခြံများတွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
  • သီးနှံစိုက်ခင်းများတွင် ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၃၀-၄၀)ဂရမ်နှုန်း ဖြင့် ရောစပ်အသုံးပြုနိုင်သည်။