ခရော့ပ်-ဟာဗက်(စ်)

Glyphosate 41% SL

ရွေးချယ်မဲ့ပင်လုံးပျံ့ ပေါင်းသတ်ဆေး

  • ရွေးချယ်မဲ့ပင်လုံးပျံ့အာနိသင်ရှိ ပေါင်းသတ်ဆေးဖြစ်သည်။
  • အရွက်မှတဆင့်တစ်ပင်လုံးသို့ လျင်မြန်စွာပျံ့နှံ့ပြီး ပေါင်းပင်များကို ထိရောက်စွာ နှိမ်နင်းပေးနိုင်သည်။
  • မြက်ပင်များ အဆစ်မာပေါင်းများ၊ ရွက်ပြန့်ပေါင်းများ၊ မြက်မုံညှင်းများကို ထိရောက် စွာ နှိမ်နင်းရန် အသုံးပြုနိုင်ပါသည်။
  • သီးနှံမစိုက်ပျိုးမီ  ပေါင်းနှိမ်နင်းရန် ကျယ်ပြန့်စွာ အသုံးပြုသော ပေါင်းသတ်ဆေးဖြစ် ပါသည်။
  • နှစ်ရှည်သီးနှံပင်များကြားတွင်ပေါက်ရောက်သော ပေါင်းပင်များနှိမ်နင်းရာတွင် အာနိ သင်ထိရောက်မှု လျင်မြန်သည်။
  • (၁)နှစ်ခံပေါင်းပင်များသာမက နှစ်ရှည်ခံပေါင်းပင်များကို သီးနှံမစိုက်ပျိုးမီနှင့် သီးနှံ ပင်မပေါက်မီ ပက်ဖျန်းပေးနိုင်သည့် ပေါင်းသတ်ဆေးဖြစ်သည်။

လိုက်ဝမ်း

Benzylaminopurine 2% SL

အပင်သီးပွင့်ဟော်မုန်းဆေး

  • အပင်ဆဲလ်ကွဲပွားခြင်းနှင့် အကိုင်းအတက်ထွက်ခြင်းတို့ဖြစ်ပေါ်စေရန် အားပေး လှုံ့ဆော်သည်။
  • အဖူးအပွင့်များပြားပြီး အသီးခိုင်ထွက်အား ကောင်းစေသည်။
  • ပန်းမာန်များအတွက် ဘေးကိုင်းဖြာထွက်မှု အားကောင်းပြီး အဖူးအပွင့်ဖြစ်ပေါ်မှု များစေသည်။

ဗိုက်တာ ဖရုဖူး

Gibberellic Acid 3% EC

အပင်ကြီးထွားသီးပွင့်ဟော်မုန်းဆေး

  • အပင်ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်စေရန်နှင့် အသီးတင်အားကောင်းစေပြီး သီးနှံအထွက် နှုန်း တိုးစေရန်အတွက် အသုံးပြုနိုင်သည်။
  • သီးနှံပင်၏ အပင်ဆဲလ်ကွဲပွားခြင်းနှင့် ဆဲလ်ကြီးထွားခြင်းတို့ကို လှုံ့ဆော်ပေးသည်။
  • စပျစ်၊ ပဲမျိုးစုံ၊ သခွား၊ သခွားမွှေး၊ ခရမ်း၊ ခရမ်းချဉ်၊ ဂေါ်ဖီထုပ်စသည့် သီးနှံများနှင့် ပန်းစိုက်ခင်းများတွင် အသုံးပြုနိုင်သည်။

အဘလိုင်းအေးဘဲ

Paclobutrazol 15% WP

အပင်သီးပွင့်ဟော်မုန်းဆေး

  • အပင်ကြီးထွားမှုကို နှေးကွေးစေပြီး ဥ၊ အသီးအပွင့်ဖြစ်ပေါ်မှုကို အားပေးသည်။
  • အလှစိုက်ပန်းပင်များအတွက် အပင်ကျစ်လျစ်တောင့်တင်းစေရန် အသုံးပြုနိုင်သည်။
  • အပင်ဆဲလ်များ ရှည်လျားကြီးထွားခြင်း၊ အပင်ဆစ်ကြားရှည်ခြင်းတို့ကို တားဆီး ပေးသည်။
  • ရေ(၁၆)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၅၀-၆၀)ဂရမ်နှုန်း  ရောစပ်ပက်ဖျန်း အသုံးပြုနိုင်သည်။

ဗိုက်တာချိန်းဂျား

Mepiquat Chloride 10% SP

အပင်သီးပွင့်ဟော်မုန်းဆေး

  • အပင်ပိုင်းကြီးထွားမှုကို ဟန့်တားပြီး ဥ၊ အသီးအပွင့်ဖြစ်ပေါ်မှုကို များစွာအထောက် အကူပြုသည်။
  • ဝါစိုက်ခင်းများတွင် ဝါသီးလုံးဖြစ်ပေါ်မှုများစေရန်နှင့် အသီးအရွယ်အစား ညီစေရန် အတွက် အသုံးပြုနိုင်သည်။
  • ဝါ၊ မြေပဲ၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီစသည့် သီးနှံစိုက်ခင်းများတွင် အသုံး ပြုနိုင်သည်။
  • ရေ(၁၆)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးဖျော်ရည်(၅၀-၁၀၀)စီစီနှုန်း  ရောစပ်ပက်ဖျန်း အသုံးပြုနိုင်သည်။