ဘီအန်အက်(စ်) အက်(စ်)မီတို

S Metolarchlor

ရွေးချယ်အာနိသင်ရှိသော ပေါင်းသတ်ဆေး

  • ဘီအန်အက်(စ်)အက်(စ်)မီတို ရွေးချယ်ပေါင်းသတ်ဆေးသည် မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်း နှင့် ပဲပုတ် စသည့် သီးနှံစိုက်ခင်းများတွင် ပေါက်ရောက်သော တစ်နှစ်ခံမြက်နှင့် ရွက်ပြန့်ပေါင်းများကို နှိမ်နင်းနိုင်သည့် ပေါင်းသတ်ဆေးဖြစ်သည်။
  • သီးနှံစိုက်ပြီး (၁-၃)ရက်အတွင်း ပက်ဖျန်း အသုံးပြုနိုင်သည်။
  • ရေ(၁၆)လီတာ ဆေးဖျန်ပုံး(၁)ပုံးလျှင် (၅၀-၁၄၀) စီစီ ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။

ခရော့(ပ်)ဂန်ဆာ

2,4-D Dimethylamine 72 SL

ပင်လုံးပျံ့ရွေးချယ်ပေါင်းသတ်ဆေး

  • ခရော့(ပ်)ဂန်ဆာ ပင်လုံးပြန့် ရွေးချယ်ပေါင်းသတ်ဆေးသည် စပါး၊ ပြောင်း ၊ကြံ စိုက်ခင်းများတွင် ပေါက်ရောက်သော တစ်နှစ်ခံ နှင့် နှစ်ရှည်ခံ ရွက်ပြန့်ပေါင်းများ၊ မြက်မုန်ညင်းများကို နှိမ်နင်းနိုင်သည့် ပေါင်းသတ်ဆေးဖြစ်သည်။
  • တိုက်ရိုက်အစေ့ချ စပါးစိုက်ခင်းများတွင် စိုက်ပြီး(၁၅-၂၀)ရက်တွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
  • ရွှေ့ပြောင်းစပါးစိုက်ခင်းများတွင် ရွှေ့ပြောင်းစိုက်ပြီး (၁၅-၂၀)ရက်တွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
  • ပြောင်း၊ ကြံ စိုက်ခင်းများတွင် ပြောင်းပင်အမြင့်(၁ပေ)ရှိချိန်နှင့် ကြံပင်အမြင့် (၁၆)လက်မ ရှိချိန် တွင်ပက်ဖျန်းနိုင်သည်။
  • ရေ(၁၆)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ခရော့(ပ်)ဂန်ဆာ ပင်လုံးပြန့်ရွေးချယ်ပေါင်းသတ်ဆေးကို(၅၀-၁၀၀)စီစီ ပက်ဖျန်းအသုံးပြုနိုင်သည်။

ဘီအန်အက်(စ်)ကွီဖိုမီ

Quizalofop-p-ethyl 3.5% + Fomesafen 12.5% EC

ရေဖျော်ဆေးရည်

  • ဘီအန်အက်(စ်)ကွီဖိုမီ ရွေးချယ်ပေါင်းသတ်ဆေးရည်သည် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲပုတ် စသည့် သီးနှံစိုက်ခင်းများကြားတွင် ပေါက်ရောက်သော တစ်နှစ်ခံမြက်နှင့် ရွက်ပြန့်ပေါင်းများကို နှိမ်နင်းနိုင်သည့် ပေါင်းသတ်ဆေးဖြစ်သည်။
  • ပေါင်းမြက်များ (၂-၃)ရွက်ထွက်ချိန်(သို့မဟုတ်)သီးနှံစိုက်ပြီး (၁၀-၁၄)ရက်အတွင်း ပက်ဖျန်း အသုံးပြုနိုင်သည်။
  • ရေ(၁၆)လီတာ ဆေးဖျန်ပုံး(၁)ပုံးလျှင် (၈၀-၁၂၀) စီစီ ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။

ဗိုက်တာကောင်းမြန်

Matrine 0.5% SL

ထိသေ ၊ စားသေပိုးသတ်ဆေး

  • ဗိုက်တာကောင်းမြန် ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
  • စပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဝါ၊ ရှောက်၊ သံပုရာ၊ အာလူး၊ ငရုတ်၊ ခရမ်းချဉ်၊ ဂေါ်ဖီနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
  • ပျ၊ မွှားပင့်ကူနီ၊ သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလံ၊ ငမြှောင်တောင်၊ ရွက်ထွင်းပိုး စသည့် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရာတွင် ပက်ဖျန်းအသုံးပြုနိုင်သည်။
  • ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၆၀-၉၀)စီစီ ရောစပ်ပက်ဖျန်း အသုံးပြုနိုင်သည်။

တီနော့ဆု

Thiamethoxam 21%SC

ဆိုင်းတွဲဆေးရည်ပြင်း

  • တီနော့ဆု ပိုးသတ်ဆေး သည် Neonicotinoid ပိုးသတ်ဆေးအုပ်စုဝင်ဖြစ်သည်။
  • သီးနှံမျိုးစုံတွင် ကျရောက်သော ပျ၊ ယင်ဖြူ၊ ဖြုတ်၊ လှေးနှင့် နှံစုပ်ဂျပိုး စသည့် စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးဖျော်ရည် (၅-၁၅)စီစီနှုန်းဖြင့် ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။