- ပိုင်ရီမတ် ပိုးသတ်ဆေးသည် အပင်အတွင်း အထက်အောက်ရွေ့လျားနိုင်သော ထိသေ၊ စားသေနှင့် ပင်လုံးပျံ့ အာနိသင်ရှိ ပိုးသတ်ဆေးဖြစ်သည်။
- ဖျက်ပိုးများ၏ မျိုးဥများမှ အကောင်ပေါက်နိုင်စွမ်းကိုလည်း လျော့ချပေးသည်။
- ဖျက်ပိုးများ ငယ်စဉ်အချိန်တွင် အသုံးပြုပက်ဖျန်းပါက အရွယ်ရောက်ခြင်းအဆင့်သို့ မရောက်နိုင်အောင် ဟန့်တားပေးသည်။
- မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ မြေပဲ၊ ကြက်သွန်နီ/ဖြူ၊ ဂေါ်ဖီ၊ မုန်လာ၊ အာလူး၊ ခရမ်းချဉ်၊ ဂန္ဓမာနှင့် အခြားဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
- ယင်ဖြူ၊ ပျ၊ လှေး၊ ရွက်ထွင်းပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး၊ မွှားပင့်ကူနီ စသည့် ဖျက်ပိုးများကို အထူးကာကွယ် နှိမ်နင်းနိုင်သည်။
- ဗိုက်တာ ရှယ်ဝမ်း ပိုးသတ်ဆေးသည် ပင်လုံးပြန့် အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးဖြစ်သည်။
- ပဲအမျိုးမျိုး၊ စပါး၊ အာလူး၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပြောင်း၊ ဝါ စသည့်သီးနှံများတွင် အသုံးပြုနိုင်သည်။
- ပဲအမျိုးမျိုး၊ အာလူး၊ ခရမ်းချဉ် စိုက်ခင်းများတွင် ကျရောက်လေ့ရှိသော ယင်ဖြူ၊ ပျ နှင့် စပါး စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးလေ့ရှိသော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူ စသည့် ဖျက်ပိုးများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- ဗိုက်တာ စပိုး ရေဖျော်ဇီဝပိုးသတ်ဆေးသည် ဖျက်ပိုးများ၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိပါက ရောဂါဖြစ်စေပြီး သေစေနိုင်သည့် အာနိသင်ရှိသည်။
- ပဲမျိုးစုံ၊ စပါး၊ ခရမ်း၊ ရုံးပတီ၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီနှင့် မုန်လာ စသည့် သီးနှံများတွင် အသုံးပြုနိုင်သည်။
- ငမြှောင်တောင်၊ ပွင့်ထွေးရွက်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ယင်ဖြူ၊ ပျ၊ လှေး၊ စိန်ကွက်ဖလံ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ရွက်စားခူ စသည့် ဖျက်ပိုးများကို နှိမ်နင်းနိုင်သည်။
- ဗိုက်တာ ကွန်ဖူး ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိ အစွမ်းထက် ပိုးသတ်ဆေးဖြစ်သည်။
- ဖျက်ပိုးများသည် ဆေးနှင့်ထိမိပါက ချက်ချင်းပြုတ်ကျပြီး သေစေနိုင်သည့် အစွမ်းရှိသည်။
- မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ ငရုတ်၊ ရှောက်၊ သံပုရာ၊ ဝါ၊ ဂေါ်ဖီ၊ မုန်ညင်း၊ ပန်းမုန်လာ၊ အာလူး၊ ခရမ်းချဉ်နှင့် အခြားသီးနှံစိုက်ခင်းများတွင် အသုံးပြုနိုင်သည်။
- ငမြှောင်တောင်၊ ပဲသီးတောင့်ထိုးပိုး၊ သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလံ၊ ပျ၊ လှေး စသည့် ဖျက်ပိုးများကို အထူးကာကွယ်နှိမ်နင်းနိုင်သည်။
- ဗိုက်တာရွှေခရု ပိုးသတ်ဆေးမှုန့်သည် chloronitrophenol ဆေးအုပ်စုဝင် ဖြစ်ပြီး ထိသေ၊ စားသေ အာနိသင်ရှိ အစွမ်းထက်သည့် ဆေးဖြစ်သည်။
- စပါး စိုက်ခင်းများတွင် ဆိုးရွားစွာ ကျရောက်ဖျက်ဆီးလေ့ရှိသော ရွှေခရု၊ လယ်ခရု၊ ပက်ကျိ စသည့် ဖျက်ပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
- ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဗိုက်တာရွှေခရု ဆေးမှုန့် (၅၀ – ၁၀၀)ဂရမ် နှုန်းဖြင့် အသုံးပြု ပက်ဖျန်းနိုင်သည်။