- ဗိုက်တာ ရှယ်ဝမ်း ပိုးသတ်ဆေးသည် ပင်လုံးပြန့် အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးဖြစ်သည်။
- ပဲအမျိုးမျိုး၊ စပါး၊ အာလူး၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပြောင်း၊ ဝါ စသည့်သီးနှံများတွင် အသုံးပြုနိုင်သည်။
- ပဲအမျိုးမျိုး၊ အာလူး၊ ခရမ်းချဉ် စိုက်ခင်းများတွင် ကျရောက်လေ့ရှိသော ယင်ဖြူ၊ ပျ နှင့် စပါး စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးလေ့ရှိသော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူ စသည့် ဖျက်ပိုးများကို ကောင်းစွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
- ဗိုက်တာ စပိုး ရေဖျော်ဇီဝပိုးသတ်ဆေးသည် ဖျက်ပိုးများ၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိပါက ရောဂါဖြစ်စေပြီး သေစေနိုင်သည့် အာနိသင်ရှိသည်။
- ပဲမျိုးစုံ၊ စပါး၊ ခရမ်း၊ ရုံးပတီ၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီနှင့် မုန်လာ စသည့် သီးနှံများတွင် အသုံးပြုနိုင်သည်။
- ငမြှောင်တောင်၊ ပွင့်ထွေးရွက်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ယင်ဖြူ၊ ပျ၊ လှေး၊ စိန်ကွက်ဖလံ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ရွက်စားခူ စသည့် ဖျက်ပိုးများကို နှိမ်နင်းနိုင်သည်။
- အဟာရချို့တဲ့မှုကို ကာကွယ်ပေးခြင်း။
- အရွက်များ အဝါရောင်ဖြစ်ပေါ်နေမှာကို ကာကွယ်ပေးခြင်း။
- အသီးပုံသဏ္ဍန်မမှန်ခြင်းမှ ကာကွယ်ပေးခြင်း။
- အနာချိုင့်ရောဂါမှ ကာကွယ်ပေးခြင်း။
- ရေ(၂၀)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် (၅-၁၀)ဂရမ်နှုန်း ပက်ဖျန်းအသုံးပြုနိုင်သည်။
- အမြစ်အားကောင်း၍ ရေနှင့် အာဟာရများကို အပင်မှ ပိုမိုရရှိစေသည်။
- အဖူး ၊ အပွင့်များ၊ ကြီးထွားသန်မာပြီး အသီးတင်မှုကောင်းစေသည်။
- အပွင့်၊ အသီးနှင့် ဥကြီးထွားမှုကောင်းစေပြီး အထွက်နှုန်းတိုးစေသည်။
- ရေငတ်ဒဏ်နှင့် ပိုးမွှားရောဂါဒဏ်များကို ခံနိုင်ရည်ရှိစေသည်။
- အပင်၏အစာထုတ်လုပ်မှုကို အထောက်အကူပြုစေသည်။
- ရေ(၄)ဂါလံ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဗိုက်တာလိုတရ ရွက်ဖျန်းမြေဩဇာ(၁၅-၂၀)ဂရမ်နှုန်း အသုံးပြုနိုင်သည်။
- ဘီနီဖားမား ရွေးချယ်ပေါင်းသတ်ဆေးသည် ဝါ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နှမ်း၊ ကြက်သွန် နှင့် နံနတ် စသည့် သီးနှံစိုက်ခင်းများတွင် ပေါက်ရောက်သော တစ်နှစ်ခံမြက်နှင့် နှစ်ရှည်ခံပေါင်းများကို နှိမ်နင်းနိုင်သည့် ပေါင်းသတ်ဆေးဖြစ်သည်။
- ပေါင်းမြက်များ (၂-၃)ရွက်ထွက်ချိန်(သို့မဟုတ်)သီးနှံစိုက်ပြီး (၁၅-၂၀)ရက်အတွင်း ပက်ဖျန်း အသုံးပြုနိုင်သည်။
- ရေ(၁၆)လီတာ ဆေးဖျန်ပုံး(၁)ပုံးလျှင် (၂၅-၄၀) စီစီ ရောစပ်ပက်ဖျန်းအသုံးပြုနိုင်သည်။