- ဗိုက်တာ လောင်ချာ ပိုးသတ်ဆေးသည် ထိသေ၊ စားသေ အာနိသင်ရှိပြီး အပင်၏ အပေါ်ယံ တစ်သျှူးများအတွင်းသို့ ထိုးဖောက်စိမ့်ဝင်နိုင်သည့် အစွမ်းရှိသော ပိုးသတ်ဆေးဖြစ်သည်။
- ဖျက်ပိုးများ၏ အာရုံကြောစနစ်ကိုတိုက်ခိုက်ပြီး နာရီပိုင်းအတွင်း အကြောသေခြင်းကိုဖြစ်စေနိုင်သည်။
- ဆေးအာနိသင်သည် အပင်ပေါ်တွင် ကြာရှည်စွာတည်မြဲနိုင်သည့် အစွမ်းရှိသည်။
- ငမြှောင်တောင်၊ သီးတောင့်ထိုးပိုး၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလံ၊ ရွက်ထွင်းပိုး၊ စုပ်စားပိုးများနှင့် ကျိုင်းများ စသည့် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။
- မတ်ပဲ၊ ပဲတီစိမ်း၊ စပါး၊ ဂေါ်ဖီ၊ မုန်လာ၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်နီ/ဖြူ၊ ရှောက်၊ သံပုရာ၊ အာလူး၊ ငရုတ် နှင့် အခြားသီးနှံများတွင် အသုံးပြုနိုင်သည်။
- လိပ်ပြာဖလံပိုးအုပ်စုများကို အထူးကာကွယ်နှိမ်နင်းနိုင်သည်။