previous arrow
next arrow
Slider

Welcome To Byter Myanmar Company Limited

Byter Agriculture Technology Co., Ltd. was established in 2015. It operates pesticides, fertilizers, seeds, etc. in foreign countries with its own brand of BYTER ,self-built terminal marketing network and independent ability of R&D and products design.

Mission

Easier to Plant , Healthier for Agriculture.

Vision

Become a most respected agricultural enterprise.

Value

Create-together, Encourage-together, Share-together.

All Products

ဒိုင်နိုမက်

Dinotefuran 10% + Spirotetramat 10 %

ထိသေ ၊ စားသေနှင့် ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေး

  • ဒိုင်နိုမက် ပိုးသတ်ဆေးသည် ထိသေ၊ စားသေနှင့် ပင်လုံးပျံ့ အာနိသင်ရှိပြီး မတူညီသော အစွမ်းရှိ ဆေး(၂)မျိုးဖြင့် ပေါင်းစပ် ထုတ်လုပ်ထားခြင်းကြောင့် ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်ပါသည်။
  • သီးနှံဖျက်ပိုးများ၏ အာရုံကြောစနစ်များကို ပျက်စီးစေပြီး အစာစားခြင်း ရပ်တန့်ကာ နာရီပိုင်းအတွင်း လျင်မြန်စွာ သေဆုံးစေနိုင်သည်။
  • ဆေးအာနိသင်သည် ကြာရှည်စေပြီး ဆေးယဉ်ပါးမှုကိုလည်း နည်းပါးစေပါသည်။
  • ခရမ်းချဉ်၊ အာလူး၊ ဂေါ်ဖီ၊ သခွား၊ သခွားမွှေး၊ ဝါ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ရှောက်၊ သံပုရာ၊ လိမ္မော်၊ ဂန္ဓမာနှင့် အခြားဟင်းသီးဟင်းရွက်စိုက်ခင်း များတွင် အသုံးပြုပက်ဖျန်းနိုင်သည်။
  • စုပ်စားပိုးများဖြစ်သည့် လှေး၊ ယင်ဖြူ၊ ပျ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူ၊ ရွက်ထွင်းပိုး စသည့် ဖျက်ပိုးများကို အထူးနှိမ်နိင်းနိုင်သည်။

ကီးဝအေမင်း

2,4-D dimethyl amine 86% SL

ပင်လုံးပြန့် ရွေးချယ်ပေါင်းသတ်ဆေးရည်

  • ကီးဝအေမင်း ဆေးသည် ပင်လုံးပြန့်အာနိသင်ရှိသော ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်သည်။
  • ပေါင်းပင်များ၏ အရွက်နှင့် အမြစ်များမှစုပ်ယူပြီး တစ်ပင်လုံးသို့ လျင်မြန်စွာပြန့်နှံ့နိုင်သည်။
  • ရွက်ပြန့်ပေါင်းများဖြစ်သော ပုဇွန်စာ၊ လယ်ပဒူ၊ လယ်လေးညင်း၊ ဝက်ကျွတ်၊ မှိုနတို၊ ရေကန်ဇွန်း၊ ဟင်းနုနွယ်ဆူးပေါက်၊ ကြိတ်မှန် နှင့် မြက်မုန်ညင်းများဖြစ်သော မြက်မုန်ညင်းစိမ်း၊ မြက်မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေး စသည့် ပေါင်းများကို နှိမ်နင်းနိုင်သည်။
  • စပါး၊ ဂျုံ၊ ပြောင်း၊ ဆီအုန်းနှင့် ကြံသီးနှံစိုက်ခင်းများတွင် ပေါက်ရောက်လေ့ရှိသော  တစ်နှစ်ခံ၊ နှစ်ရှည်ခံ ရွက်ပြန့်ပေါင်းများနှင့် တစ်နှစ်ခံ မြက်မုန်ညင်းများကို ထိရောက်စွာနှိမ်နင်းနိုင်သည်။
  • ရေ(၁၆)လီတာ ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးဖျော်ရည်(၄၀-၆၀)စီစီနှုန်းဖြင့် ပက်ဖျန်းအသုံးပြုနိုင်သည်။

ဗိုက်တာမာရှယ် ၁၅အီးစီ

Cyhalofop-butyl 15% EC

ပင်လုံးပြန့် စပါးရွေးချယ်ပေါင်းသတ်ဆေးရည်

  • ဗိုက်တာမာရှယ် ၁၅ % အီးစီ ပေါင်းသတ်ဆေးသည် ပေါင်းပင်များ ပေါက်ပြီးမှ အသုံးပြုရသော ပင်လုံးပြန့်ရေဖျော် ပေါင်းသတ်ဆေးဖြစ်ပါသည်။
  • စပါးစိုက်ခင်းထဲတွင် ပေါင်းမြက်များ (၂-၄)ရွက်ထွက်သည့် အဆင့်တွင် ပက်ဖျန်းအသုံးပြုပါ။
  • စပါးစိုက်ခင်းထဲတွင် ပေါက်ရောက်သော မြက်သီး၊ ဒေါင်းမြီးပျံ၊ လက်သဲခွ၊ ဖော့မြက်၊ ဝါးရုံမြက်၊ ဝမ်းဘဲစာမြက်၊ ကခြေသည်မြက်၊ မြက်ခါးနှင့် အခြားမြက်များကို အထူးနှိမ်နင်းနိုင်သည်။
  • စပါးစိုက်ခင်းထဲတွင်ပေါက်ရောက်သော မြက်ပင်များအား ဆေးဖျန်းပြီး (၂)ရက်မှ တစ်ပတ်အတွင်း အဝါရောင်သန်းကာ ညိုးခြောက်သွားစေပြီး ပေါင်းပင်အစိတ်အပိုင်း တစ်ခုလုံးကို (၂)ပတ်မှ (၃)ပတ်အတွင်း သေစေနိုင်သော ရေဖျော်ပေါင်းသတ်ဆေး တစ်မျိုးဖြစ်သည်။